မှန်ကန်သော ဈေးနှုန်း၊ ခိုင်မာသော ဈေးကွက်
စျေးနှုန်းများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ကြည့်ရှုခြင်းအားဖြင့် သင့်ရဲ့ အချိန်နှင့် ငွေကို လက်လွှတ်မခံဘဲ အကောင်းဆုံးစျေးနှုန်းကို ရယူနိုင်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်အသီးသီးရှိ ကုန်စည်ဒိုင်များက သက်ဆိုင်ရာဒေသရှိ ကောက်ပဲသီးနှံများ၏ နေ့စဉ်ကုန်ဈေးနှုန်းများကို အများပြည်သူသိရှိနိုင်ရန်အတွက် အချက်အလက်များအား ဒီဂျစ်တယ်လ် နည်းပညာအသုံးပြု၍ စနစ်တကျထည့်သွင်းသိမ်းဆည်းခြင်းဖြင့် အလိုရှိသောအချက်အလက်များကို လွယ်ကူလျင်မြန်စွာ ပြန်လည်ရှာဖွေနိုင်ခြင်း၊ ကုန်စည်ဒိုင်အလိုက် သီးနှံဈေးနှုန်းများကို နှိုင်းယှဉ်နိုင်ခြင်း၊ သီးနှံအလိုက်ဈေးနှုန်းအတက်အကျများကို တွက်ချက်ပေးနိုင်ခြင်း စသည်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ပါသည်။
💡 အဓိကအင်္ဂါရပ်များ
ကာလအလိုက် ဈေးနှုန်း မှတ်တမ်းရှာဖွေမှု ဖြင့် ယခင်ဈေးနှုန်းများကို ကြည့်ရှုနိုင်ပြီး ဈေးနှုန်းနှိုင်းယှဉ်မှု ဖြင့် ကုန်စည်ဒိုင်များမှ ဈေးနှုန်းများကို နှိုင်းယှဉ်နိုင်ပါသည်။ ထို့ပြင် ဈေးနှုန်းအတက်အကျသုံးသပ်မှု ဖြင့် ဈေးနှုန်းပြောင်းလဲမှုများကို တိကျစွာ သိရှိနိုင်ပြီး ဈေးကွက်အခြေအနေကို ခန့်မှန်းနိုင်ပါသည်။ AgroSight သည် စိုက်ပျိုးသူများ၊ MSME လုပ်ငန်းရှင်များနှင့် သုံးစွဲသူများအတွက် အကျိုးရှိစေပါသည်။
ဈေးနှုန်း မှတ်တမ်းရှာဖွေမှု
ကုန်စည်ဒိုင်များမှ သီးနှံ ဈေးနှုန်းများကို ကာလအပိုင်းအခြားအလိုက် ပြန်လည် ရှာဖွေကြည့်ရှုနိုင်သည်။
ဈေးနှုန်းနှိုင်းယှဉ်မှု
ကုန်စည်ဒိုင်အလိုက် သီးနှံဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်နိုင်သည်။
ဈေးနှုန်းအတက်အကျသုံးသပ်မှု
သီးနှံအလိုက် ဈေးနှုန်းအတက်အကျများကို သုံးသပ်နိုင်သည်။